မြန်မာနိုင်ငံအတွင်းက ဘုရားတွေ၊ စေတီပုထိုးတွေ၊ ရှုခင်းတွေနှင့် လူနေမှုဘ၀တွေကို ခရီးသွားရင်း ရိုက်ယူထားတဲ့ ဓါတ်ပုံတွေပါ။ အလိုရှိတဲ့ပုံတွေကို အလွယ်တကူ download လုပ်ယူနိုင်ပါတယ်။ တချို့ကတော့ ကောင်းနိုးရာရာ လေးတွေကို ကူးယူပြီးတင်ထားခြင်း ဖြစ်ပါတယ်။

Tuesday, August 18, 2009


ပုဂံကမိတ်တွေတစ်ယောက်ပို့လိုက်တဲ့ဓါတ်ပုံတွေပါ။ သူရေးပေးလိုက်တဲ့ စာကိုလည်း အောက်မှာ သူ့အတိုင်းလေး ပြန် ထည့်ပေးထားပါတယ်။ သူရေးထားတဲ့စာသားလေးဖြစ်တဲ့ ပုဂံက ဘယ်အချိန် ဘယ်သူ ဘယ်လိုရိုက်ရိုက် လှနေ တာပါပဲ ဆိုတာလေးကို သိပ်သဘောကျမိပါတယ်။ သူရေးထားတာနဲ့ ဓါတ်ပုံကို စီထားတော့နည်းနည်းလွှဲနေပါတယ်။ အရွယ်အစားကို လိုက်ပြီး ကြည့်ကောင်းအောင် ပြင်ထားလို့ပါ။


ကျွန်တော့ဆီ ရှိတဲ့ ပုံလေးတွေ ပေးလိုက်ပါတယ်။ professional တော့ မဟုတ်ပါဘူး။ ကျွန်တော့ သူငယ်ချင်းနဲ့ သူ့အပျော်တမ်း camera နဲ့ရိုက်ထားတာ။ resolution က 6 Mp ပဲရှိတယ်။ ဒါပေမဲ့ ပုဂံက ဘယ်အချိန် ဘယ်သူ ဘယ်လိုရိုက်ရိုက် လှနေတာပါပဲ။
001 က Ananda & That-byin-nyu Temple in the dust (စာလုံးအဆင့် မရိုက်တတ်လို့)
002 က အရောင်တွေက သိပ်မလှပါဘူး။ ကွမ်းတောင်ပေါက် ပုံစံလေးတွေမြင်ရုံနဲ့ ပုဂံရနံ့လေးတွေရလို့
003 က Balloon စီးခွင့်ရတုန်းက ရိုက်ထားတာ။ နံနက်စောစောမြူတွေကြားက Bird eyes နဲ့ မြင်ရတဲ့
စေတနာကြီး ဘုရား
004 က နေ၀င်ချိန် ပုဂံထင်တာပဲ။ သူငယ်ချင်းရိုက်ထားတာ အချိန်နဲ့ နေရာကို မသိပါ။ လှလို့ယူထားတာ။
005 က Balloon စီးတုန်းကပဲ။ Dhamma-ya-za-ka စေတီ ကို ကောင်းကင်က မြင်ရတဲ့ပုံပါ။
006 က စိမ်းညက်ညီအမ ဘုရား ပါ။ ပုဂံ လက်ရာ ကွမ်းတောင်ပေါက် ပုံစံ တမျိုး ပေါ့။
007, 008 & 009 က ပုဂံခေတ် ကျောက်ဆစ်လက်ရာ လေးပါ။
010 က Balloon စီးတုန်းကပဲ။ မြစ်ရေတင် စိုက်ကွက်တွေပါ။ ထန်ပင်တန်းလေတွေနဲ့ အနားသတ်ထားတာလှလို့
011 က ယာတောအသွား ရွာအထွက် သစ်ပင်အုပ်အုပ်ကလေးနဲ့ အညာနံ့ ကလေးရလို့

No comments:

Post a Comment