မြန်မာနိုင်ငံအတွင်းက ဘုရားတွေ၊ စေတီပုထိုးတွေ၊ ရှုခင်းတွေနှင့် လူနေမှုဘ၀တွေကို ခရီးသွားရင်း ရိုက်ယူထားတဲ့ ဓါတ်ပုံတွေပါ။ အလိုရှိတဲ့ပုံတွေကို အလွယ်တကူ download လုပ်ယူနိုင်ပါတယ်။ တချို့ကတော့ ကောင်းနိုးရာရာ လေးတွေကို ကူးယူပြီးတင်ထားခြင်း ဖြစ်ပါတယ်။

Wednesday, August 19, 2009

ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်နဲ့ ပဲခူးမြို့က ရွှေမောဓေါစေတီတော်ပါ။ သမိုင်းဝင်စေတီတွေပါ။ ရွှေပြားတွေကပ် လှူထားပါတယ်။ ကျွန်တော်နားမလည်တာ တစ်ခုရှိတယ်။ ရွှေပြားကပ်ထားတယ်လည်းဆိုတယ် ဘာကြောင့်ရွှေ ခဏခဏချနေရလည်းဆိုတာကိုပါ။ ပြီးခဲ့တဲ့နှစ်တွေကပါ အမေဖြစ်သူဒူးနာလို့ သံလျင်မြို့မှာရှိတဲ့ ကျိုက်ခေါက်စေတီ ခြေရင်းမှာ ဆေးသွားကုဖြစ်ပါတယ်။ ဆေးကုပေးတဲ့နေရာက လူများတော့ စောင့်နေရင် စေတီတော်ပေါ်ကိုတက်ပြီး ဘုရားဖူးဖြစ်ခဲ့တယ်။ ရင်ပြင်တော်ပေါ်က ကြော်ငြာသင်ပုန်းမှာ တွေ့ရတာက ဘုရားကအမှိုက်ရွှေလေလံအောင်တဲ့လူ ရဲ့အမည်နဲ့ လေလံအောင်တဲ့ဈေးနှုန်းပါ။ သိန်းတစ်ရာကျော်ဖြစ်ပါတယ်။ တော်တော်စဉ်းစားစရာကောင်းပါတယ်။ ဒီ ဈေးနှုန်းနှင့်ဆိုလျှင် စေတီတော်ကရွှေအားလုံးခွါပြီး အသစ်ပြန်ကပ်သလိုဖြစ်နေမယ်ထင်မိပါတယ်။ လေလံငွေလည်းရ သေးတယ်။ နောက်ထပ်လည်း ရွှေသင်္ကန်းကပ်မယ်ဆိုပြီး အလှူထပ်ခံအုန်းမယ်ဆိုတော့ တမျိုးကြီးများဖြစ်နေသလား လို့ပါ။ ကျွန်တော် သဘောမပေါက် နားလည်မှုလွဲတာလည်း ဖြစ်နိုင်မည်ထင်ပါသည်။

No comments:

Post a Comment