မြန်မာနိုင်ငံအတွင်းက ဘုရားတွေ၊ စေတီပုထိုးတွေ၊ ရှုခင်းတွေနှင့် လူနေမှုဘ၀တွေကို ခရီးသွားရင်း ရိုက်ယူထားတဲ့ ဓါတ်ပုံတွေပါ။ အလိုရှိတဲ့ပုံတွေကို အလွယ်တကူ download လုပ်ယူနိုင်ပါတယ်။ တချို့ကတော့ ကောင်းနိုးရာရာ လေးတွေကို ကူးယူပြီးတင်ထားခြင်း ဖြစ်ပါတယ်။

Wednesday, August 19, 2009

ပုဂံကို မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ ရောက်တိုင်းလည်း ပုဂံဘုရားတွေကို ရောက်ဖြစ်ပါတယ်။ လူသွားနည်း တဲ့ စေတီပုထိုးတွေကိုလည်း သွားတာပါပဲ။ ဘယ်နေရာလေးသွားလိုက် သွားလိုက် စေတီပုထိုးတွေကတော့ ရှိတာပဲ။ အထင်ကရ မဟုတ်ပေမဲ့ ရှေးဆန်တဲ့ လက်ရာလေးတွေကို ကြိုက်မိလို့ဖြစ်ပါတယ်။ အထက်ပါ ဓါတ်ပုံလေးတွေက မိုး များတဲ့နှစ်က ပြိုကျပျက်စီးနေတဲ့ စေတီလေးတစ်ခုပါ။ ပုဂံရောက်တဲ့အခါတိုင်း စိတ်မကောင်းဖြစ်မိတာရှိပါတယ်။ တန် ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတဲ့ စေတီးပုထိုးတွေမှာ လူစည်ကားတတ်ပြီး၊ သမိုင်းဝင်ဆိုတာထက်ကို ဆု တောင်းပြည့်တယ် ဆိုတာက အဓိကဖြစ်နေလို့ပါ။ ပုဂံရောက်တဲ့အခါတိုင် ဂူပြောက်ကြီးကိုတော့ သွားလိုက်ရမှ စိတ်ထဲ ကျေနပ်မိပါတယ်။ နံရံဆေးရေးပန်းချီတွေရယ်၊ ရှေးပိသုကာတွေရဲ့လက်ရာတွေရယ်၊ စေတီအတွင်းက ဗုဒ္ဓရုပ်ပွားတော် ကို သဘာဝအလင်းရောင်ထိုးနေအောင်လုပ်ထားတာလေးက ရုပ်ပွားတော်ကို ပိုသပ္ပါယ်စေတယ်လေ။ ဒီလိုလက်ရာ လေးတွေပျက်စီး ယို့ယွင်းသွားကုန်မှာလည်း စိုးရိမ်မိတယ်။ ရှေးဟောင်းလက်ရာတွေကို ပြုပြင်တဲ့နေရာမှာလည်း စနစ် ကျပြီး၊ သူ့မူရင်း လက်ရာတွေအတိုင်းလေး ပြန်လုပ်ကြရင်ကောင်းပါလိမ့်မယ်။ ကုသိုလ်ရတယ်ဆိုပြီး တွေ့ကရာ လျှောက်ပြင်နေရင်တော့ ပြင်တာလို့မပြောသင့်ဘဲ ဖျက်ဆီးတာလို့တောင် ပြောရမလိုဖြစ်နေပါပြီ။ Cambodia က Angkor Wat ကိုတော့ မရောက်ဘူးသေးပါ။ သို့သော် ဓါတ်ပုံတွေကို ကြည့်ရတာ စောင့်ရှောက်မှုကောင်းတယ်လို့ ပြောရမလိုဖြစ်ပါသည်။ ပုဂံ ကိုလည်း စနစ်တကျလေး ပြုပြင်ထိန်းသိမ်းထားသင့်တယ်ထင်မိပါသည်။

No comments:

Post a Comment